တံခွန်တိုင်များ မဟာရံတံတိုင်းအတွင်း အရှေ့မြောက်ထောင့်သို့ လှမ်းမြော်ကြည့်ပါက အုတ်စီတံခွန်တိုင် (၂)ခုကို တွေ့ရသည်။ ပထမ ဟင်္သာရုပ်တံခွန်တိုင်မှာ ရန်ကုန်မြို့ လွစ္စလမ်းမှ ဦးဣန္ဒကနှင့် ဂေါပကအဖွဲ့မှ လှူဒါန်းထားသော တံခွန်တိုင်ဖြစ်ပြီး ဒုတိယဟင်္သာရုပ် တံခွန်တိုင်မှာ ၁၃၅၅- ခုနှစ်က တည်ဆောက်ကြောင်း ကမ္ဗည်း တွေ့ကြရသည်။