
ဆံတော်စေတီ အောင်ပွဲခံမှတ်တိုင်
၂၀ဝ၆-ခုနှစ်က ပြိုကျခဲ့သော ငှက်ပျောဖူးကြီးမှာ အောက်ပိုင်း(၈)ပေ၊ ထိပ်ဝ (၄)ပေ၊ လုံးပတ် (၃၂)ပေ၊ အမြင့် (၂၅)ပေထိ ကြီးမားလှသည်။ စေတီပန်းတင်ခုံအနီး နီးကပ်စွာပြိုကျနေသောကြောင့် အသွားအလာအတွက် အဟန့် အတား ဖြစ်နေခဲ့သည်။ လွတ်ရာနေရာ ပြောင်းရွှေ့ရန် ကရိန်းကြီးများ၊ အခြားနည်းလမ်များ ကြိုးစားခဲ့ကြသော်လည်း နေရာအနည်းငယ် မျှသာ ရွေ့လျားခဲ့သည်။ တင့်တယ် သပ္ပာယ်မှုရှိအောင် တည့်မတ်ရေးဆောင်ရွက်ခဲ့ကြသည်။ စတီးကြိုးများ ပြတ်ကျ၊ စက်ယန္တရားများ ချို့ယွင်းသွားလေ့ရှိသောကြောင့် မူလအတိုင်း လက်လျှော့သွား ခဲ့ကြသည်။ ငှက်ပျောဖူးမှာ အရင်းက မြေ အတွင်း (၄)ပေခန့်မြုပ်လျက် အနောက်မြောက်စေတီတော်ရှိရာသို့ ဦးမော့ဦးခိုက်နေပုံ ဖြစ်နေခဲ့ သည်။ စေတီတော်ကြီး ပြန်လည်တည်ဆောက်မှု အုတ်ရိုးနှင့် မဆလာ အချောသတ်ပြီးလျှင် အဆိုပါ ငှက်ပျောဖူးကြီးကို တည့်မတ် စွာထားနိုင်ရေးအတွက် ဦးမြင့်ရီခေါင်းဆောင်လျက် နည်းစနစ်မှန်မှန် ဆောင်ရွက်ခဲ့ကြသည်။ ယန္တရားအင်အား ချိန်းဘလောက်များ၊ ကားကြီး ဂျိုက်ထောက်များ၊ လူအင်အားများဖြင့် သုံးရက်ခန့် ဆောင်ရွက်ကြရာ လွယ်ကူစွာတည့်မတ်နိုင်ပြီး အနက် ပေ (၃)ပေခန့် ကွန်ကရစ်ခုံပတ်လည် အဝိုင်းပုံလောင်းခဲ့ကြသည်။ အုတ်ခုံနှစ်ဆင့်ဖြင့် လွတ်လပ်ရေးကျောက်တိုင်လိုပင် တည့်မတ်ကြသည်။ တော်သလင်းလဆန်း (၆)ရက်၊ စက်တင်ဘာ(၂၁)ရက်နေ့မှစ၍ ဆောင်ရွက်ခဲ့ရာ ၂၃-ရက်နေ့ ညနေ(၃)နာရီတွင် တည့်မတ်ပြီးခဲ့ကြသည်။