ကျိုက်ဓနုတ်ဆံတော်ရှင်တွင် တင်လှူမည့်စိန်ဖူး

                   ကျိုက်ဓနုတ်ဆံတော်ရှင်တွင် တင်လှူမည့်စိန်ဖူးတော် ဒီဇိုင်းကို ဆရာတော်နှင့်အကျိုးတော်ဆောင်ချုပ်တို့ စဉ်းစားညှိနှိုင်းကြသည်။ ဆရာတော်(၂)ပါးသည် နတ်ပန်းချီဦးသန်းမင်းအား ဒီဇိုင်းပုံကို ညတွင်းချင်း အပြီးရေးဆွဲစေပြီး အသေးစိတ်ညှိနှိုင်းပြီးသောအခါ အသုံးပြုမည့် ကျောက်စိမ်းတုံးရွေးချယ်ခြင်း၊ ငွေသား ရွှေစင်ရွှေသား ကျောက်မျက် ရတနာစုဆောင်းစေရန် ပန်းထိမ်ပညာရှင် ဦးအေးနိုင်အား တာဝန်ပေးအပ်လေသည်။ ဦးနာဂိန္ဒထံတွင် ရှိထားသော ကျောက်စိမ်းတုံးမှာ အရည်အသွေးကောင်းပြီးဖြစ်၍ ကမ္ဘာလုံးပုံအချောသွေးစေ သည်။ အမာခံအဖြစ် စိန်ဖူးတော်ကို ပုံဖော်ကြရာ အောက်ခံ ကြာကလာပ်ကို ငွေစင် (၁၇ိ)ကျပ်သား ရွှေရောင်တင်ပြီး ကြာဖတ် ကြာညှပ်၌ ရောင်စုံရတနာကျောက်ကိုစီခြယ်သည်။ ကျောက်စိမ်း ကမ္ဘာလုံးမှာ အရောင်အသွေးအဆင့်မီ၍ သုံးပိသာတစ်ဆယ်ငါးကျပ် သား (၄ ကီလိုခန့်)ရှိပြီး ထိပ်ဝ ခြောက်လက်မခွဲ လုံးပတ်လက်မ နှစ်ဆယ်ဖြစ်သည်။ကျောက်စိမ်း၏တန်ဖိုးမှာ ကျပ်သိန်းငါးရာ ဖြစ်သည်။ အောက်ခံ ကြာကလာပ်၌ တင်ထားပြီး ခါးပတ်အဖြစ် ငွေစင်တစ်ဆယ်ကျပ်သား ရွှေရောင်တင်ပြီး ရှစ်မြှောင့်ရှစ်ထောင့် စိန်(၇၂)လုံးစီခြယ်သည်။ ကျောက်စိမ်းလုံး လေးမျက်နှာဝယ် ရဟန္တာ နှစ်ပါးရင်ဆိုင်ရှိခိုးနေဟန် ရုပ်ကြွ (၈)ခုပါရှိရာ ရွှေအလေးချိန် ၄-ဆူ ၃ိ သားရှိသည်။ ကျောင်းဆောင် ဇ တိုက်အတွင်း ၄-မျက်နှာ ၄-ဆူ အဘယမုဒြာပုံ ၂ိ သားစီ၊ ၄-ဆူအတွက် ရွှေသား ၈ိ သား၊ ဇတိုက် ဗဟိုမဏ္ဍိုင် စိန်ဖူးရိုး ငွေသား ၅ိ သား ဇတိုက် ရှစ်မြှောင့်ရှစ်ထောင့် ငွေသား အကွပ် ၅ိ သားတွင် ဖြူ နီ စိမ်း ကျောက်စီ ၈ဝ လုံး၊ ၇၂-လုံး၊ ၅၆-လုံး၊ ရွှေသား ၂ိ ၆ဲသား၊ စိန်သားမကိုဋ်တော် အောက်ခြေ ကလာပ်ရွှေသား ၇ိ စိန်လုံးရေ ၂ဝ၊ ရွှေကွပ် ၁၂ဲ စိန်ဖူး ၄-မျက်နှာ၊ အရန် စိန်ဖူးငယ် ဓာတ်တော်ကြုပ် ရွှေသား ၁ဝဲ ဆရာတော် အမာခံ ထား၍ စိန်ဖူးတော် ပြုလုပ်ထားခြင်းဖြစ်သည်။ ဆရာတော်၏ တပည့် အများ သဒ္ဓါထက်သန်၍ လှူဒါန်းကြသော လက်ဝတ်ရတနာစာရင်းမှာခန့်မှန်းရန်မလွယ်၊ အလားတူ ကျိုက်ဓနုတ်ဆံတော်ရှင်စေတီ ပြိုကျ၍ ပေါ်လာသော မူလ ငှက်မြတ်နားနှင့်စိန်ဖူးတော်တွင် လှူဒါန်းထား သော ပစ္စည်းများကား ရွှေသားချိန် ကျောက်မျက်ရတနာများမှာ ယခုတင်လှူမည့်စိန်ဖူး၌ ထည့်သွင်းခြင်းမရှိဘဲ လက်ရာမပျက်စေအောင် ဌာပနာတိုက်မှာ ထည့်သွင်းရန် ဆန္ဒပြင်းပြသူများရှိ၍ ယခင် လှူဒါန်း ထားသည့်အတိုင်း ဌာပနာသွင်းခဲ့သည်။ ဤမှတ်တမ်းရေးသူ လေ့လာတွေ့ရှိရသည်မှာ ငွေသားဆင်းတု ဆူရေများစွာရှိရာ ပိသာချိန်တစ်ဆယ်ကျော်ပေသည်။ အကျိုးအပဲ့ပြုပြင်မရသော ငွေသားဆင်းတုမှာ ၃-ပိဿာကျော်ရှိရာ ငှက်မြတ်နားအတွက် ငွေပြားကြိတ် လျက် အပြားပြုထားသည်မှာ တစ်မျက်နှာအချိန် ၃-ပိဿာရှိသည်။ သတ္တဌာန (၂)စုံ ပြုလုပ်ခဲ့ရာ ပလ္လင်္က ၃ိ ၄ဲ၊ အနိမိတ ၂ိ ၂ဲ၊ စင်္ကမ ၃ိ ၃ဲ၊ ရတနဃရ ၄ိ ၈ဲ၊ အဇပါလ ၃ိ ၄ဲ၊ မုစလိန္ဒ ၂ိ ၉ဲ၊ ရာဇာယတန ၃ိ ၁၁ဲ၊ ရှင်ဥပဂုတ္တရဟန္တာနှင့် ရှင်သီဝလိ ရဟန္တာ ၄ိ ၁၂ဲ၊ သတ္တဌာနတစ်စုံ ငွေသား ၃၅ိ တန်ဖိုး ကျပ်သိန်း (၂ဝ)ဖြစ်သည်။ ရွှေသား ၃ိ သားရှိ ရွှေစေတီနှင့် ငွေသားစေတီ ၃ိသား ရှိကြောင်း တွေ့ရသည်။ ဓနုတ်ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးမြသွေး ဦးဆောင်သော ဂေါပကအဖွဲ့မှ ဌာပနာတိုက်မှရရှိသော ပစ္စည်း ပြိုကျချိန်က လိုက်လံကောက်ယူ ထားသော ဌက်မြတ်နား စိန်ဖူးတွင်ပါရှိသည့် ရွှေနှင့် ရတနာအချို့ အဝက်သာ ရရှိသည်။အုတ်ကျိုးမြေစာများ ရှင်းလင်းရာ၌ ပျောက်ဆုံးသော ရွှေနှင့် ရတနာများမှာ ထက်ဝက်ခန့်ရှိကြောင်း သိရသည်။ ရတနာကုန်သည်တစ်ဦး လှူဒါန်းထားသော နဝရတ်လက်စွပ်၊ နဂါးလက်ကောက်၊ ရတနာဘယက်တန်ဖိုးမှာ ကျပ်သိန်းတစ်ထောင့် နှစ်ရာ တန်ဖိုးရှိကြောင်း လာရောက်အပ်နှံရာတွင် တွေ့မြင်ခဲ့ရသည်။ကျိုက်ဓနုတ်ဆံတော်ရှင်စေတီတွင် ဌာပနာသော ရတနာတန်ဖိုးကား တန်ဖိုးဖြတ်မရအောင်ပင် များပြားလျက်ရှိနိုင်ပေသည်။ ယခုတင်လှူချိန် ရွှေသား ၁ိ လျှင် ကျပ် ခုနစ်သိန်း ငါးသောင်း၊ ငွေသား ၁ိ လျှင် ကျပ်တစ်သောင်းခြောက်ထောင်ကျော်ဟု ပန်းထိမ်ပညာရှင်တို့က ဆိုခဲ့ ကြသည်။ ကျိုက်ထီးဆောင်းဆရာတော်မှ လှူဒါန်းသည့် စိန်ဖူးတန်ဖိုး မှာ သိန်းခြောက်ရာလေးဆယ်ကိုးသောင်းတစ်ရာရှစ်ဆယ်ခုနစ်ကျပ်၊ ငှက်မြတ်နားတန်ဖိုးမှာ သိန်းခုနစ်ရာရှစ်ဆယ်သိန်းကိုးသောင်း လေး ထောင် တစ်ရာရှစ်ဆယ်ခုနစ်ကျပ် ဖြစ်သည်။ သီးခြားအလှူရှင်များ လှူဒါန်းသော လက်ဝတ်ရတနာများမှာ ခန့်မှန်းမရနိုင်အောင် များနေ လေသည်။