ဆံတော်စေတီ အောင်ပွဲခံမှတ်တိုင်
၂၀ဝ၆-ခုနှစ်က ပြိုကျခဲ့သော ငှက်ပျောဖူးကြီးမှာ အောက်ပိုင်း(၈)ပေ၊ ထိပ်ဝ (၄)ပေ၊ လုံးပတ် (၃၂)ပေ၊ အမြင့် (၂၅)ပေထိ ကြီးမားလှသည်။ စေတီပန်းတင်ခုံအနီး နီးကပ်စွာပြိုကျနေသောကြောင့် အသွားအလာအတွက် အဟန့် အတား ဖြစ်နေခဲ့သည်။ လွတ်ရာနေရာ ပြောင်းရွှေ့ရန် ကရိန်းကြီးများ၊ အခြားနည်းလမ်များ ကြိုးစားခဲ့ကြသော်လည်း နေရာအနည်းငယ် မျှသာ ရွေ့လျားခဲ့သည်။ တင့်တယ် သပ္ပာယ်မှုရှိအောင် တည့်မတ်ရေးဆောင်ရွက်ခဲ့ကြသည်။ စတီးကြိုးများ ပြတ်ကျ၊ စက်ယန္တရားများ ချို့ယွင်းသွားလေ့ရှိသောကြောင့် မူလအတိုင်း လက်လျှော့သွား ခဲ့ကြသည်။ ငှက်ပျောဖူးမှာ အရင်းက မြေ အတွင်း (၄)ပေခန့်မြုပ်လျက် အနောက်မြောက်စေတီတော်ရှိရာသို့ ဦးမော့ဦးခိုက်နေပုံ ဖြစ်နေခဲ့ သည်။ စေတီတော်ကြီး ပြန်လည်တည်ဆောက်မှု အုတ်ရိုးနှင့် မဆလာ အချောသတ်ပြီးလျှင် အဆိုပါ ငှက်ပျောဖူးကြီးကို တည့်မတ် စွာထားနိုင်ရေးအတွက် ဦးမြင့်ရီခေါင်းဆောင်လျက် နည်းစနစ်မှန်မှန် ဆောင်ရွက်ခဲ့ကြသည်။ ယန္တရားအင်အား ချိန်းဘလောက်များ၊ ကားကြီး ဂျိုက်ထောက်များ၊ လူအင်အားများဖြင့် သုံးရက်ခန့် ဆောင်ရွက်ကြရာ လွယ်ကူစွာတည့်မတ်နိုင်ပြီး အနက် ပေ (၃)ပေခန့် ကွန်ကရစ်ခုံပတ်လည် အဝိုင်းပုံလောင်းခဲ့ကြသည်။ အုတ်ခုံနှစ်ဆင့်ဖြင့် လွတ်လပ်ရေးကျောက်တိုင်လိုပင် တည့်မတ်ကြသည်။ တော်သလင်းလဆန်း (၆)ရက်၊ စက်တင်ဘာ(၂၁)ရက်နေ့မှစ၍ ဆောင်ရွက်ခဲ့ရာ ၂၃-ရက်နေ့ ညနေ(၃)နာရီတွင် တည့်မတ်ပြီးခဲ့ကြသည်။
ငှက်ပျောဖူးကြီးကို ပစ္စယာ(၂)ဆင့်ဖြင့် အုတ်စီပြီး ညဉ့်နက် ပိုင်းဝယ် ဦးမြင့်ရီအိပ်မက်တွင် ပြောကြားလာသည်မှာ “ပရိဘောဂ စေတီမျိုးဖြစ်ပါလျက် ဘာကြောင့် ဌာပနာမထည့်ဘဲထားရသလဲ၊ တနင်္ဂနွေထောင့် အောက်ခြေမှာ ဟာလာဟင်းလင်း တွင်းကြီးဖြစ်နေတာ ကွန်ကရစ်အပြည့်ထည့်လိုက်ပါ” ဟု အသံဖြင့် ပြောဆိုလာသည်။ နံနက်လင်းလျှင် အိပ်မက် မှန်မမှန် အောက်ခြေတွင် စီထားသော အုတ်ချပ်များကို ပြန်ခွာပြီးစစ်ဆေးကြည့်ရာ တွင်းကြီးဖြစ် နေသည်ကို တွေ့ရသောကြောင့် ဌာပနာများကိုထည့်သွင်းပြီး ကျောက် သဲ ဘိလပ်မြေ လောင်း၍ အသစ်ပြန်ပြင်ရလေသည်။
ဦးမြင့်ရီသည် ကဆုန်လဆန်း (၁)ရက်မှ လုပ်ငန်းပြီးသည် အထိ ဓနုတ်စေတီမှာပင်နေထိုင်ပြီး သက်သတ်လွတ်စား၊ မေတ္တာပွား။ ဗုဒ္ဓဂုဏ်တော်ကိုအားထားကာ သီလလုံခြုံစွာနေထိုင်ပြီး လုပ်ငန်း ဟူသမျှ တာဝန်ခံဆောင်ရွက်လျက်ရှိသော ဦးစီးဦးဆောင်ဖြစ်သည်။ ဦးမြင့်ရီသည် ကျိုက်ထီးဆောင်းဆရာတော်နှင့် ဆံတော်ရှင် သာသနာ ပြုအကျိုးတော်ဆောင် ဦးနာဂိန္ဒတို့၏ စိတ်အလိုကျ လွဲမှားမှုမရှိအောင် လုပ်ငန်းအဝဝ ဆောင်ရွက်နိုင်သူဖြစ်သည်။ ဓနုတ်စေတီ ပြန်လည်တည်ဆောက်ရေး၌ အဓိကနေရာမှာ တာဝန်ခံထားသူဖြစ် သည်ကို သတိပြုမိကြသည်။ ဆံတော်ရှင်စေတီပြုပြင်မှု အောင်ပွဲခံ မှတ်တိုင်ဟု ဆိုနိုင်ပေသည်။ ငှက်ပျောဖူးဟောင်း ထိပ်တည့်တည့် တွင် စကျင်ကျောက်ဖြူ၊ ၅-ပေ၊ ၅-လက်မ ဉာဏ်တော်အမြင့် ဒေသစာရီပုံတော်ကို ပူဇော်ထားကြသည်။