ခေတ်အဆက်ဆက် ပြုပြင်မွမ်းမံခဲ့သော မင်းများနှင့် ဆရာတော်ရုပ်ထုတော်များ

ဓနုတ်စေတီတော်မြတ်ကြီး ပြိုကျပျက်စီးခြင်း၊ ပြန်လည်တည်ထားကိုးကွယ်ခြင်း မှတ်တမ်း

စဥ် | အကြိမ်အရေအတွက် | ပြိုကျသည့်ခုနှစ်သက္ကရာဇ် | ပြိုကျသည့်ဖြစ်စဥ် | ပြန်လည်တည်ထားသည့်ခုနှစ်သက္ကရာဇ် | ပြန်လည်တည်ထားသည့်ဖြစ်စဥ် |
၁ | ပထမအကြိမ် | သာသနာသက္ကရာဇ်(၁၈၈၃)ခုနှစ် ကောဇာသက္ကရာဇ် (၇၀၁)ခုနှစ် ခရစ်သက္ကရာဇ် (၁၃၃၉)ခုနှစ် | ဟံသာဝတီဘုရင်ဗညားဦးလက်ထက်တွင်ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့သည်။ | သာသနာသက္ကရာဇ်(၁၈၉၇)ခုနှစ် ကောဇာသက္ကရာဇ် (၇၁၅)ခုနှစ် ခရစ်သက္ကရာဇ် (၁၃၅၃)ခုနှစ် | ဟံသာဝတီဘုရင်ဗညားဦး၏ အမိန့်အရ လက်ခိုက်မြို့စား သံဗြတ်မှ ပြန်လည်တည်ခဲ့သည်။ တိုက်စေတီပုံမှသင်းတိုက်စေတီသို့ပြောင်းလဲတည်ထားခဲ့သည်။ |
၂ | ဒုတယအကြိမ် | သာသနာသက္ကရာဇ်(၁၉၃၇)ခုနှစ် ကောဇာသက္ကရာဇ် (၇၅၅)ခုနှစ် ခရစ်သက္ကရာဇ် (၁၃၉၃)ခုနှစ် | သုတသောမ ရာဇာဓိရာဇ်လက်ထက်တွင် ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့သည်။ | သာသနာသက္ကရာဇ်(၁၉၃၈)ခုနှစ် ကောဇာသက္ကရာဇ် (၇၅၆)ခုနှစ် ခရစ်သက္ကရာဇ် (၁၃၉၄)ခုနှစ် | ဘုရင်သုတသောမ ရာဇာဓိရာဇ်သည် ဓနုတ်ကင်းသူကြီး “ထဗ” ကို တာဝန်ပေး၍ (၄၅)တောင် (၆၇.၅ပေ)မြင့်သော စေတီကို ပြန်လည်တင်လှူခဲ့သည်။ |
၃ | တတိယအကြိမ် | သာသနာသက္ကရာဇ်(၂၀၀၁)ခုနှစ် ကောဇာသက္ကရာဇ် (၈၁၉)ခုနှစ် ခရစ်သက္ကရာဇ် (၁၄၅၇)ခုနှစ် | ဘုရင်မကြီး ရှင်စောပုလက်ထက်တွင် ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့သည်။ | သာသနာသက္ကရာဇ်(၂၀၀၇)ခုနှစ် ကောဇာသက္ကရာဇ် (၈၂၅)ခုနှစ် ခရစ်သက္ကရာဇ် (၁၄၆၄)ခုနှစ် | ဘုရင်မကြီးရှင်စောပုသည် (၆၅)တောင် (၉၇.၅ပေ) မြင့်သော စေတီတည်ပြီး ထီးတော် ပြန်လည်တင်လှူခဲ့သည်။ |
၄ | စတုတ္တအကြိမ် | သာသနာသက္ကရာဇ်(၂၁၀၈)ခုနှစ် ကောဇာသက္ကရာဇ် (၉၂၆)ခုနှစ် ခရစ်သက္ကရာဇ် (၁၅၆၄)ခုနှစ် | ဘုရင့်နောင်မင်းတရား လက်ထက်တွင် ပြိုကျခဲ့သည်။ | သာသနာသက္ကရာဇ်(၂၀၀၈)ခုနှစ် ကောဇာသက္ကရာဇ် (၉၂၆)ခုနှစ် ခရစ်သက္ကရာဇ် (၁၅၆၄)ခုနှစ် | ဘုရင့်နောင်မင်းတရားသည် အတောင် (၉၀) (၁၃၅ပေ) မြင့်သော စေတီတော်သစ်ကို ပြန်လည်တည်ထားကိုးကွယ်ခဲ့သည်။ |
၅ | ပဥ္စမအကြိမ် | သာသနာသက္ကရာဇ်(၂၁၉၈)ခုနှစ် ကောဇာသက္ကရာဇ် (၁၀၁၆)ခုနှစ် ခရစ်သက္ကရာဇ် (၁၆၅၄)ခုနှစ် | သာလွန်မင်းတရားလက်ထက်တွင် ပြိုကျခဲ့သည်။ | သာသနာသက္ကရာဇ်(၂၁၉၈)ခုနှစ် ကောဇာသက္ကရာဇ် (၁၀၁၆)ခုနှစ် ခရစ်သက္ကရာဇ် (၁၅၆၄)ခုနှစ် | သာလွန်မင်းသည် ဓနုတ်ကင်းမှ ရရှိသော အခွန်ငွေများဖြင့် ပြန်လည် တည်ထားကိုးကွယ်ခဲ့သည်။ |
၆ | ဆဌမအကြိမ် | သာသနာသက္ကရာဇ်(၂၃၅၄)ခုနှစ် ကောဇာသက္ကရာဇ် (၁၁၇၂)ခုနှစ် ခရစ်သက္ကရာဇ် (၁၈၁၀)ခုနှစ် | ဘိုးတော်မင်းတရား(ခေါ်) ဗဒုံမင်းလက်ထက်တွင် ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့သည်။ | သာသနာသက္ကရာဇ်(၂၃၅၅)ခုနှစ် ကောဇာသက္ကရာဇ် (၁၁၇၃)ခုနှစ် ခရစ်သက္ကရာဇ် (၁၈၁၁)ခုနှစ် | ဘိုးတော်မင်းတရား(ခေါ်) ဗဒုံမင်း၏ တာဝန်ပေးအပ်ချက်အရ ဓနုတ်ကင်းသူကြီးမှ ပြန်လည်ပြုပြင် တည်ဆောက်ခဲ့သည်။ ဗဒုံမင်းပို့လိုက်သော ကြေးထီးတော်သစ်ကို ရန်ကုန်မြို့ဝန် မင်းလှနော်ရထာက ထီးတော်ကို တင်လှူခဲ့သည်။ |
၇ | သတ္တမအကြိမ် | သာသနာသက္ကရာဇ်(၂၄၃၃)ခုနှစ် ကောဇာသက္ကရာဇ် (၁၂၅၁)ခုနှစ် ခရစ်သက္ကရာဇ် (၁၈၈၉)ခုနှစ် | ငလျင်ဒဏ်ကြောင့် ခေါင်းလောင်းပုံထိပ်မှ အထက်ပိုင်းသည် လျှောဆင်းပြိုကျခဲ့သည်။ | သာသနာသက္ကရာဇ်(၂၄၃၄)ခုနှစ် ကောဇာသက္ကရာဇ် (၁၂၅၂)ခုနှစ် ခရစ်သက္ကရာဇ် (၁၈၉၀)ပြည့်နှစ်
သာသနာသက္ကရာဇ်(၂၄၅၉)ခုနှစ် ကောဇာသက္ကရာဇ် (၁၂၇၇)ခုနှစ် ခရစ်သက္ကရာဇ် (၁၉၁၅)ခုနှစ် | ကမာကဆစ် လယ်ပိုင်ရှင် ဦးကြည်က (၅၅)တောင် (၈၂.၅ပေ) ခန့်မြင့်သော စေတီငုတ်တိုပေါ်တွင် (၉) တောင် (၁၃.၅ပေ) မြင့် စေတီငယ်တစ်ဆူ တည်ထားကိုးကွယ်ခဲ့သည်။
၎င်းနောက်ဦးကြည်၏သားဖြစ်သူ ကမာကဆစ် ဆန်စက်သူဌေး ဦးဖိုးခင်က (၁၂၄)တောင် (၁၈၆ပေ) မြင့်သော စေတီအဖြစ် တည်ထားကိုးကွယ်ခဲ့သည်။ |
၈ | အဋ္ဌမအကြိမ် | သာသနာသက္ကရာဇ်(၂၅၅၀)ခုနှစ် ကောဇာသက္ကရာဇ် (၁၃၆၈)ခုနှစ် ခရစ်သက္ကရာဇ် (၂၀၀၆)ခုနှစ် ဇွန်လ( ၂၇)ရက် | ဆူနာမီဒဏ်ကြောင့် စေတီတော်တွင် အက်ကွဲကြောင်း ထင်လာပြီး ၂၇-၆-၀၆ ရက်နေ့၊ ၀၃၁၅ ချိန်တွင် စိန်ဖူး၊ ငှက်မြတ်နား၊ ငှက်ပျောဖူးနှင့် စေတီတစ်ခြမ်း ပထမအကြိမ် ပြိုကျခဲ့ပြီး ၁၇-၈-၀၆ ရက်နေ့ ၁၄၄၅ ချိန်တွင် ထပ်မံပြိုကျကာ စေတီငုတ်တိုအဖြစ်ကျန်ရစ်ခဲ့ပါသည် | သာသနာသက္ကရာဇ်(၂၅၅၃)ခုနှစ် ကောဇာသက္ကရာဇ် (၁၃၇၁)ခုနှစ် ခရစ်သက္ကရာဇ် (၂၀၀၉)ခုနှစ် | အများပြည်သူကောင်းမှုဖြင့် ကောဇာသက္ကရာဇ် (၁၃၇၀)ပြည့်နှစ် သီတင်းကျွတ်လပြည့်နေ့ ခရစ်သက္ကရာဇ် ၂၀၀၈ ခုနှစ် အောက်တိုဘာလ (၁၄)ရက်နေ့ (၀၈၁၈) အချိန်တွင် စတင် ပန္နရိုက် တည်ဆောက်ခဲ့ပြီး ကောဇာသက္ကရာဇ် ၁၃၇၁ ခုနှစ်၊ ကဆုန်လဆန်း (၁၄)ရက် ခရစ်သက္ကရာဇ် ၂၀၀၉ ခုနှစ်၊ မေလ (၇)ရက်နေ့ ( ၀၇၃၀)အချိန်တွင် ထီးတော်သစ် တင်လှူခဲ့ပါသည်။ |
၉ | နဝမအကြိမ် | သာသနာသက္ကရာဇ်(၂၅၅၃)ခုနှစ် ကောဇာသက္ကရာဇ် (၁၃၇၁)ခုနှစ် ခရစ်သက္ကရာဇ် (၂၀၀၉)ခုနှစ် မေလ (၃၀)ရက် | ကောဇာသက္ကရာဇ်( ၁၃၇၁) ခုနှစ်၊ နယုန်လဆန်း( ၇) ရက်၊ ခရစ်သက္ကရာဇ် ၃၀-၅-၂၀၀၉ ရက်နေ့ ၁၄၄၅ ချိန်ခန့်တွင် ရာသီဥတုဒဏ်ကြောင့် ပြိုကျခဲ့သည်။ | သာသနာသက္ကရာဇ်(၂၅၅၃)ခုနှစ် ကောဇာသက္ကရာဇ် (၁၃၇၃)ခုနှစ် ခရစ်သက္ကရာဇ် (၂၀၁၂)ခုနှစ် | ကျိုက်ထီးဆောင်းဆရာတော်ကြီးမှ ဦးဆောင်၍ ဇေကမ္ဘာကုမ္ပဏီမှ ပင်မဒါယကာအဖြစ်ခံယူပြီး ခုနှစ်ရက်သား သမီးများပေါင်းစုကာ ၁၃၇၃ ခုနှစ် တပေါင်းလဆုတ် (၇) ရက်၊ (၂၉.၃.၂၀၁၂)ရက် ၁:၃၀ ချိန်တွင် ပန္နရိုက် မင်္ဂလာအခမ်းအနား ပြုလုပ်ပြီး တန်ခူးလဆုတ် (၁၄)ရက် ( ၂၀.၄.၁၂)နေ့တွင် စတင်တည်ထားခဲ့ပြီး ၁၃၇၄ ခုနှစ် တပေါင်းလဆန်း ၃.၄.၅ ခရစ်နှစ် ၂၀၁၃ ခုနှစ် မတ်လ ၁၄.၁၅.၁၆ ရက်တွင် စေတီတော်တင်လှူခဲ့သည်။ |