ဗုဒ္ဓဝင် သစ်ရိုးရုပ်ကြွ ပန်းချီလက်ရာများ


ဓမ္မစင်္ကြာတရားဦးဟောတော်မူခန်း

ရဟန္တာ(၆)ကျိပ်အား သာသနာပြုစေလွှတ်စဉ် မာရ်နတ်တားမြစ်ခန်း

ဝေဠုဝန်ကျောင်းမှ မွေးရပ်မြေ ကပိလဝတ်နေပြည်တော်သို့ ကြွတော်မူခန်း

ဝေဠုဝန်ကျောင်းတော်၌ မဟာသမယသုတ်တော် ဟောကြားတော်မူခန်း

တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာတရားဟောတော်မူခန်း

ဇေတဝန်ကျောင်းတော်၌ သဗ္ဗဒါနံ၊ ဓမ္မသိနာတိ အစချီဒေသနာတော် ဟောကြားတော်မူခန်း

မလ္လမင်းတို့၏ အင်ကြင်းဉယျာဉ်တွင် လကျ်ာနံစောင်းဖြင့် မြင့်မြတ်သော လျောင်းတော်မူခြင်းဖြင့် လျောင်းတော်မူစဉ် နတ်၊ ဗြဟ္မာတို့ အင်ကြင်းပန်းနတ်ပန်းတို့ဖြင့် ပူဇော်ခန်း

မြတ်စွာဘုရား ပရိနိဗ္ဗာန် မစံမှီ နောက်ဆုံးသုဘဒ္ဒဗိုရ်အား တရားဟောတော်မူခန်း

ဗုဒ္ဓမြတ်စွာဘုရား နောက်ဆုံးဩဝါဒစကားတော် မြွက်ကြားတော်မူခန်း

ရှင်မဟာကဿပမထေရ်နှင့် အဇာတသတ်မင်းတို့ တိုင်ပင်တိုင်ပင်၍ လျှို့ဝှက်ဓါတ်တော်တိုက် တည်ထားခန်း

အရှင်အညာသိကောဏသမထေရ် (ရတ္တညုအရာ ရဟန်းဝါအကြီးဆုံးဧတဒဂ်)

အရှင်သာရိပုတ္တရာ လကျ်ာအဂ္ဂသာဝကမထေရ်ဖြစ်စဉ်

အရှင်မဟာမောဂ္ဂလာန် လက်ဝဲရံအဂ္ဂသာဝကမထေရ်ဖြစ်စဉ်

အရှင်မဟာကဿပမထေရ် (ဓုတင်ပဋိပတ် အကျင့်မြတ်ကျင့်သုံးမှု ဧတဒဂ်)

အရှင်အနုရုဒ္ဒါမထေရ်ဖြစ်စဉ် (ဒိဗ္ဗစက္ခု အဘိဉာဏ်ဧတဒဂ်)

အရှင်သီဝလိမထေရ် (လာဘ်လာဘပေါများခြင်း ဧတဒဂ်)

အရှင်အာနန္ဒာမထေရ် (အကြားအမြင်များခြင်း၊ သတိကောင်းခြင်း၊ ဉာဏ်ကောင်းခြင်း၊ လုံ့လကြီးခြင်း၊ ဘုရားရှင်အား လုပ်ကျွေးပြုစုရခြင်း ဧတဒဂ်(၅)ခုအရှင်)

အရှင်ရာဟုလာမထေရ်ဖြစ်စဉ် (သိက္ခာသုံးပါးကျင့်ဆောင်ခြင်း ဧတဒဂ်အရှင်)

အရှင်ကာဠုဒါယီမထေရ်ဖြစ်စဉ် (မြတ်စွာဘုရားအားကြည်ညိုစေသော ဧတဒဂ်အရှင်)

ဥရုဝေလကဿပမထေရ်ဖြစ်စဉ် (ပရိသတ်အခြံအရံအများဆုံး ဧတဒဂ်အရှင်)
ကောသလမင်း အိပ်မက် (၁၆) ချက်

၁
အရှေ့၊ အနောက်၊ တောင်၊ မြောက် မိုးဆင်း၊ ခြိမ်းသံပေး မိုးဝေးလွင့် ပျောက်စင်။
၂
အရွယ်မမျှ ပျိုမ မယ်ခင်၊ သမီးသား လင်ထားအိမ်ထောင်ချင်။
၃
သမီးနှင့် သားစီးပွားဆိုင်ရာ၊ မိနှင့်ဘ ကျွေးမှ စားရမှာ။
၄
ကြီးသူဖယ်ရှား မြှောက်စားလူငယ်၊ တိုင်းပြည်ရေး ရှုပ်ထွေး ပွေတော့မယ်။
၅
မှူးမတ်မင်းစိုး လာဘ်ထိုးသူရှာ၊ နှစ်ဖက်စား တရားစီရင်မှာ။
၆
မျိုးမြတ်သမီး ပစ္စည်းမက်ဟန်၊ အမျိုးယုတ် လင်လုပ် ပေါင်းဆက်ဆံ။
၇
လင်ကြီးပစ္စည်း သိမ်းဆည်းမသို၊ လင်မြှောင်အား မယားလောကွတ်ပို။
၈
ဆင်းရဲသူများ ဝတ်စားမကျန်၊ အခွန်တွက် နှိပ်စက် ငွေတောင်းခံ။
၉
မြို့တွင်းပွေရှုပ် ခွန်တုတ်ကောက်ခံ၊ မြို့ပြင်ထွက် ပြည့်နှက်စည်ကားရန်။
၁၀
မင်းနှင့်လူများ တရားမမှီ၊ မိုးသုံးစား ကွက်ကြားရွာချမည်။
၁၁
အလဇ္ဇီများ တရားဖိုးတန်၊ ငွေနှင့်လဲ အမြဲဟောမည်မှန်။
၁၂
ပညာရှိများ စကားဥဿုံ၊ ပြောသမျှ လောက မသုံးကုန်။
၁၃
ရဟန်းရှင်ဆိုး လူဆိုးများသာ၊ ဂုဏ်ရောင်တိုး တန်ခိုးပေါ်ထွက်သာ။
၁၄
ကညာယူထား သက်ကြားဖိုးအို၊ မယားဆဲ အမြဲအော်ငေါက်ဆို။
၁၅
ပညာသီလ ပြည့်ဝသူဟာ၊ သူယုတ်အား ဝပ်တွားနေရမှာ။
၁၆
သူယုတ်မာများ ထောင် လွှားနိုင်ငံ၊ သူတော် ကောင်းပုန်းအောင်းတောမြိုင်ယံ။