ဖူးမြော်ကြည်ညိုရန်နေရာများ

ဖူးမြော်ကြည်ညိုရန်နေရာများ

ရှေးဟောင်းစေတီများ

ရှေးဟောင်းစေတီများ

ဆက်လက်ကြည့်ရှုရန်

ယုံကြည်ကိုးကွယ်မှုများ

ယုံကြည်ကိုးကွယ်မှုများ

ဆက်လက်ကြည့်ရှုရန်

ဗုဒ္ဓဝင်ပြခန်း

ဗုဒ္ဓဝင်ပြခန်း

ဆက်လက်ကြည့်ရှုရန်

အခြားသောအထင်ကရနေရာများ

သံဃာ့ဆေးရုံတော်

   အဆင့်မြင့်ပြုပြင်ထားသည့် သံဃာ့ဆေးရုံတော်ကို တရားသူကြီးချုပ် ဦးသိမ်းမောင်မှ ကျောင်းတော်အတွင်းသီတင်းသုံးတော်မူသည့် သံဃာတော်များနှင့် လာရောက်တည်းခိုကြသည့် အာဂန္တု ဧည့်သည်တော်များအတွက် လှူဒါန်းခဲ့ခြင်းဖြစ်ပါသည်။ (၂၄-၂-၂၀၁၃) တွင် အများစုပေါင်းအလှူဖြင့် ပြန်လည်ပြုပြင်မွမ်းမံခဲ့ပါသည်။

သာသနဝိပုလကာရီ မဟာသိမ်တော်ကြီး

     အလျား ပေ(၁၂၀) အနံပေ (၁၀၀)ရှိသိမ်မြေပေါ်၌ နှစ်ထပ်တိုက်သိမ်တော်ကြီးကို ၁၃၁၅ ခုနှစ်၊ ပြာသိုလ (၁၉၅၃ ခုနှစ်၊ ဇန်နဝါရီလ) မှစ၍ ချပ်သင်းသူဌေး စည်သူ ဦးဘတင်နှင့်သူဌေးကတော် ဒေါ်သိန်းတို့မှဆောက်လုပ်လှူဒါန်းခဲ့ပြီး ၂၀၁၃ ခုနှစ်တွင်စုပေါင်းပြန်လည်ပြန်ဆင်ခဲ့ပါသည်။

ရေပေးဝေရေး ရေစင်

       ခြောက်ထပ်ကြီးရွှေသာလျောင်းဘုရားကြီးအတွင်းရှိ ကျောင်းတိုက်တော်များ၊ ဈေးဆိုင်များနှင့် ကျောင်းပရဝုဏ်အတွင်းရှိ အဆောက်အဦးများအားလုံးအတွက် သောက်ရေ၊ သုံးရေအတွက် အများသူငှါ စုပေါင်းအလှူဖြင့် တည်ဆောက်ထားသောရေစင်ကြီးဖြစ်ပါသည်။

ပိဋကတ်ကျမ်းစာများ

   ခြောက်ထပ်ကြီးရွှေသာလျောင်းဘုရားကြီးတွင် ရှေးယခင်အဆက်ဆက်မှ ထိန်းသိမ်းလာခဲ့သော ရွှေချပိဋကတ်ကျမ်းစာအုပ်များ (၅၀၀) ကျော် ထိန်းသိမ်းထားရှိပါသည်။

အုန်းမောင်းတော် (ကုလားတက်)

       မြန်မာမှု ရှေးအုန်းမောင်းတော် (ကုလားတက်) ကို (၂၇-၄-၂၀၁၆) ရက်နေ့တွင် ပြုလုပ်လှူဒါန်းခဲ့ပါသည်။

ရှင်ဉပဂုတ္တတန်ဆောင်း

     ဘုရားကြီး၏ ခြေရင်းတော်ဘက်၌ တည်ရှိပြီး ၂၀၁၂ ခုနှစ်တွင်စုပေါင်းပြန်လည်ပြန်ဆင်ခဲ့ပါသည်။

ရှင်သီဝလိတန်ဆောင်း

      ရှင်သီဝလိတန်ဆောင်းသည် ဘုရားကြီး၏ ခေါင်းရင်းတော်ဘက်၌ တည်ရှိပါသည်။

အောင်စေပိုင်စေ အောင်မောင်း

      အောင်စေပိုင်စေ အောင်မောင်းတော်ကို ဦးစိုးတင့် (စိုးလျှပ်စစ်) မှ (၂၃-၃-၂၀၁၆) ရက်နေ့တွင် လှူဒါန်းခဲ့ပါသည်။ 

အောင်စည်တော်

      မြန်မာမှု မင်္ဂလာအောင်စည်တော်ကို ၂၀၁၉ ခုနှစ်တွင် တည်ဆောက်ခဲ့ပါသည်။