ခြောက်ထပ်ကြီးရွှေသာလျောင်းဘုရားကြီး

ခြောက်ထပ်ကြီး ရွှေသာလျောင်းဘုရားကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ အလယ်ရွှေဂုံတိုင်ရပ်ကွက်၊ ရွှေဂုံတိုင်လမ်းမပေါ်တွင် တည်ရှိပါသည်။ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ အရှေ့ မြောက် ယွန်းယွန်း တစ်မိုင်ကျော်ခန့်နှင့် ငါးထပ်ကြီးဘုရား (မဟာသကျအတုလမာရ်အောင် ဘုရားကြီး၏) အရှေ့မြောက်ဘက် ကိုက်၅ဝဝခန့်တွင် တည်ရှိသည်။

ဖူးမြော်လေ့လာနိုင်သည့်နေရာများ

ဘုရားစေတီများ

ပြတိုက်/ပြခန်း

ယုံကြည်ကိုးကွယ်မှုဆိုင်ရာ

သာသနိကအဆောက်အဦးများ

ခြောက်ထပ်ကြီး ရွှေသာလျောင်းဘုရားကြီးဆိုင်ရာ

သမိုင်းအကျဉ်း

ငါးထပ်ကြီးဘုရား (မဟာသကျအတုလာမာရ်အောင်ဘုရားကြီး)၏ ဘုရားဒါယကာ ဦးဘိုးအောင် ၊ ဒေါ်စိန်ရင်တို့ ထံမှ စပါးပွဲစာကြီး ဆာဘိုးသာ၊ ဒေါ်ပုတို့မှ ငါးထပ်ကြီးဘုရား၏ အရှေ့မြောက်ဘက်တွင် ဘုရားတစ်ဆူတည်ထား ကိုးကွယ်ရန် ရည်ရွယ်လျက် မြေ (၄.၂၅) ဧကခန့်ကို ခေတ်ကာလတန်ဘိုး (၁၄၂၀၀) ကျပ်ဖြင့် ဝယ်ယူခဲ့ပါသည်။

ဝယ်ယူပြီးနောက် ၁၉၀၇ခု၊ ဖေဖော်ဝါရီလ (၁၇) ရက်၊ တနင်္ဂနွေနေ့တွင် ငါးထပ်ကြီးဘုရားကျောင်း တိုက်၌ အောက်မြန်မာပြည် ဟံသာဝတီလေးရပ်၏ ဂိုဏ်းချုပ်ဖြစ်သော အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တအာသဘ အမှူးပြုသည့် သံဃာတော်တစ်ရာကျော်နှင့် ဂုဏ်သရေရှိမြို့မိမြို့ဖ အပေါင်းတို့အား ပင့်ဖိတ်ဆွမ်းကပ်လှူဒါန်းကျွေးမွေးပြီး ငါးထပ်ကြီးဘုရား၏ အရှေ့မြောက်ဘက်ဝယ်ယူဝန်ထားသည့် (၄.၂၅) ဧကရှိ ကုန်းတန်းပေါ်တွင် ဉာဏ်တော် အတောင် (၁၂၀)၊ ပေ(၁၈၀)ရှိ ရွှေသာလျောင်းရုပ်ပွားတော်ကြီး တစ်ဆူတည်ထားကိုးကွယ်မည့် အကြောင်း လျှောက်ထားပန်ကြားခဲ့သည်။

မူလဉာဏ်တော်အတိုင်းအတာများ

(က) ပလ္လင်တော်အလျား ၁၉ရ ပေ

(ခ) ပလ္လင်တော်အနံ ၄၀ ပေ

(ဂ) ပလ္လင်တော်အမြင့် ၅ ပေ

(ဃ) ဘုရားကြီး၏ဉာဏ်တော်အလျား ၂၃၅ ပေ

(င) ဘုရားကြီး၏ဉာဏ်တော်အမြင့် (ပလ္လင်ပေါ်မှရောင်လျှံတော်အထိ) ၁၀၁ ပေ ရှိပါသည်။

ဗိသုကာလက်ရာများ

ဓမ္မစင်္ကြာတရားဦး ဟောတော်မူခန်း

ရဟန္တာ(၆)ကျိပ်အားသာသနာပြုစေလွှတ်စဉ်မာရ်နတ်မှတားမြစ်ခန်း

ဝေဠုဝန်ကျောင်းမှ မွေးရပ်မြေ ကပိလဝတ်သို့ ကြွတော်မူခန်း

ဝေဠုဝန်ကျောင်း၌ မဟာသမယသုတ် ဟောတော်မူခန်း

သာသနာ့ရိပ်သာလမ်း အဝင်မုခ်ဦး
နတ်လမ်းစင်္ကြန် အဝင်မုခ်ဦး
အလယ်နတ်လမ်းစင်္ကြန်အဝင်မုခ်ဦး
အနောက်လမ်းစင်္ကြန် အဝင်မုခ်ဦး

ဆရာတော်များ၏ ဩဝါဒကထာများ

အကယ်၍သာ မြတ်ဗုဒ္ဒသည်၊ လူသူထင်ရှား၊ မပွင့်ငြားက၊ ဤကားကုသိုလ်၊ အကုသိုလ်နှင့်၊ ထိုထိုဘဝ၊ မသိရ၊ များလှအပြစ်တွေ၊ ဘုရားရှင်တော်၊ ပွင့်ထွန်းပေါ်၍၊ ဟောဖော်သွန်ကြား၊ မြတ်တရားကြောင့်၊ ဤကားကုသိုလ်၊ အကုသိုလ်နှင့် ထိုထိုဘဝ၊ သိကြရ၊ များလှကျေးဇူးပေ၊ ကျေးဇူးတော်ရှင်၊ ဘုရားရှင်ကို၊ ဦးတင်မပြတ်၊ ကျေးဇူးဆပ်ဘို့၊ အမြတ်ရတနာ၊ သာသနာ၏၊ နိုင်ရာဝန်ထမ်း၊ ကိုယ်စီစွမ်း ကြိုးပမ်းကြပါလေ။

(အရှင်ဇနကာဘိဝံသ)

ဘုရားက ငါမရှိ သူမရှိ ဆို၏။ အားလုံးက ငါ သူ သတ်မှတ်လျက်က ပေါင်းဖက်နေကြကုန်၏။ ဘုရားက မမြဲဆို၏။ အားလုံး က အစွဲအမြဲ ထားကြကုန်၏။ ဘုရားက အပျက်ချည်း ဆို၏။အားလုံးက အကောင်း လုပ်နေကြ၏။ ဘုရားက အနှစ်သာရ သဘောမျှ ဆို၏။ အားလုံးက အနှစ်ပြည့် အချစ်ပြည့် ထိသမျှကောင်း မိသမျှလည်း အပိုင်ဟူ၍ လက်ခံထားကြ ကုန်၏။ ဘုရားတပည့် ဘုရားနဲ့မှ မတည့်လျှင် ဘုရားသား ဘုရားသမီး အမည်ခံဖို့ပင်မကောင်း။ ထိုထက်အလွန် ဘုရားသားတော် ဘုရားသမီးတော် အမည်ခံပြီးပါမှ အောက်တန်းစားတို့ နားခိုရာ အပါယ်ရွာသို့ ဆင်းသွားကြလျှင်ကား နားထောင်၍ပင် ကောင်းလောက်အောင် ရှက်ဖို့ကောင်း။

(မဟာဗောဓိပြိုင်ဆရာတော်ကြီး)

ပုရွက်ဆိတ်ဘဝကလည်း သူ့ဝန်သူထမ်းရတာဘဲ။ ဆင်ဘဝကလည်း သူ့ဝန်သူထမ်းရတာဘဲ။ ကြီးကြီးငယ်ငယ် ဘဝရှိတယ်ဆိုကတည်းက ဘယ်မှာချမ်းသာရှိမှာလဲ။ အဲ့ဒါကြောင့် ဘဝပြတ်တဲ့။ သံသရာမြတ်တဲ့အလုပ်ကို တွေ့အောင် သိအောင် ရှာလုပ်ရမယ်။

(မိုးကုတ်ဆရာတော်ဘုရားကြီး)