အာရုံခံတန်ဆောင်းအသီးသီးရှိ ကြေးရုပ်ပွားဆင်းတုတော်များ

အသေးစိတ် အချက်အလက်များ

စေတီတော်မြတ်ကြီး ဘက်စုံမွမ်းမံပြင်ဆင်ချိန်တွင် အရှေ့ဘက် အာရုံခံတန်ဆောင်းမှလွဲ၍ ကျန်တန်ဆောင်းများမှာ အမိုး၊ အကာ အခင်း မကောင်းတော့ခြင်း၊ အချို့သစ်များဆွေးမြေ့နေခြင်း၊ ပုံစံအမျိုးမျိုး ဖြစ်ပေါ်နေခြင်းများ ဖြစ်ပေါ်လျှက်ရှိ၍ ၂၀ဝ၁ခုနှစ်၊ ဘက်စုံမွမ်းမံပြင်ဆင်ချိန်တွင်အလျား ၃၀ပေ၊ အနံ ၂၀ပေ၊ အမြင့် ၁၄ပေရှိ အာရုံခံ တန်ဆောင်း လေးခုအား အသစ်ပုံစံတူဆောက်လုပ်၍ မြန်မာမှုများတပ်ဆင်ခဲ့ပါသည်။ အရှေ့ဘက်အာရုံခံ တန်ဆောင်းမှာ ငွေကျပ်(၅၈)သိန်းကုန်ကျခဲ့ပြီး ကျန်တန်ဆောင်း(၃)ခုမှာ ငွေကျပ်(၄၆)သိန်းစီ ကုန်ကျခဲ့ ပါသည်။ အရှေ့ဘက် အာရုံခံတန်ဆောင်း ပြုပြင်မွမ်းမံခဲ့သည့် အလှူရှင်များမှာ ဒုတိယဗိုလ်ချုပ်ကြီးတင်လှ(ငြိမ်း)+ဒေါ်ဝင်းကြည်နှင့် (ပါမောက္ခ ဒေါက်တာဦးဟန်တင်) +(ဒေါက်တာဒေါ်ခင်လှဝင်း) တို့အား အမှူးထား၍ သားသမီးမြေးတစ်စုတို့ ဖြစ်ကြပြီး၊ တောင်ဘက်အာရုံခံတန်ဆောင်းပြုပြင်မွမ်းမံမှု အလှူရှင်မှာ ဒေါက်တာမိုးတင်+ ဒေါက်တာအိအိတင် မိသားစုတို့ဖြစ်ကြသည်။ အနောက်ဘက် အာရုံခံတန်ဆောင် ပြုပြင်မွမ်းမံအလှူရှင် ဦးဌေးဝေ+ဒေါ်စမ်းသီတာ၊ သားမောင်မျိုးကျော်ကျော်ဝေ၊ မောင်ဇော်မျိုးဝေ၊ သမီး-မနှင်းသီတာဝေ မိသားစုတို့ ဖြစ်ကြသည်။ မြောက်ဘက်အာရုံခံတန်ဆောင်း ပြုပြင်မွမ်းမံမှုအလှူရှင်မှာ ဗိုလ်ချုပ်မျိုးသန့်(ငြိမ်း)+ဇနီးဒေါ်စပယ်အေး၊ သမီးမရွှေစင်သန့်တို့ဖြစ်ကြသည်။ ထူးခြားမှုအနေဖြင့် အရှေ့ဘက်နှင့် တောင်ဘက်အာရုံခံတန်ဆောင်၌ ရှေးဟောင်းဆင်းတုတော်ကြီးနှစ်ဆူစီ၊ အနောက်ဘက်အာရုံခံ တန်ဆောင်း၌ ရှေးဟောင်းကြေးဆင်တုတော်ကြီး တစ်ဆူ၊ မြောက်ဘက်အာရုံခံ တန်ဆောင်း၌ ရှေးဟောင်း ကြေးဆင်းတုတော်ကြီးတစ်ဆူ၊ စုစုပေါင်း(၆)ဆူအား ပူဇော်ထားရှိသည်။ ကြေးဆင်းတုတော်ကြီးများ၌ အလှူရှင် ဦးဘလှိုင်+ဒေါ်မိမိကြီးမိသားစုတို့က ၁၂၉၄ခုနှစ်တွင် လှူဒါန်းထားသည်ဟု ဖော်ပြထားရှိရာ ယခုအခါနှစ်ပေါင်း(၁၀ဝ)ကျော်ပြီဖြစ်သည်။ အဆိုပါ တန်ဆောင်းလေးခု၏ အတွင်းပိုင်း သစ်သား Structure များအား ၂၀၁၆ခုနှစ်တွင် Steel Structure များအဖြစ်သို့ ပြောင်းလဲခဲ့ပြီး မြန်မာမှုသွပ်ပန်းများအား Steel ရွှေပြားများဖြင့် ပြောင်းလဲတပ်ဆင်ခဲ့သည်။ ၎င်းလုပ်ငန်းများကိုလည်း ဒေါက်တာမိုးတင်+ဒေါက်တာအိအိတင် မိသားစုမှပင် ငွေကျပ်သိန်း(၃၀ဝ)ခန့် အကုန်ကျခံ၍ လှူဒါန်းပြုပြင် ဆောင်ရွက်ခဲ့သည်။

