တံခွန်တိုင်ကြီး

အသေးစိတ် အချက်အလက်များ

စေတီတော်ရင်ပြင်တော်ပေါ်ရှိ မူလတံခွန်တိုင်မှာ စေတီတော်ကြီးနှင့်ကပ်လျက်ရှိပြီး သေးငယ်၍ ခန့်ငြားမှုမရှိသဖြင့် ၂၀ဝ၁ခုနှစ် ဘက်စုံမွမ်းမံပြင်ဆင်ချိန်တွင် အမြင့်(၄၅)ပေရှိ တံခွန်တိုင်ကြီးတစ်ခုအား အင်္ဂါထောင့်တည့်တည့်တွင် အသစ်ပြန်လည် တည်တောက်လှူဒါန်းထားပါသည်။ အလှူရှင်မှာ ဒုတိယဗိုလ်ချုပ်ကြီးတင်လှ(ငြိမ်း) ဇနီးဒေါ်ဝင်းကြည် သာသမီး မြေးမြစ်တစ်စုတို့က ၂၀ဝ၂ခုနှစ်တွင် လှူဒါန်းထားပါသည်။ ထိုစဉ်ကလှူဒါန်းကုန်ကျမှုတန်ဖိုးမှာ ငွေကျပ် (၁၅)သိန်းဖြစ်ပါသည်။