ဣစ္ဆာသယစေတီ

အသေးစိတ် အချက်အလက်များ

ရင်ပြင်တော်အနောက်တောင်ထောင့်တွင် ယခင်က ရှေးဟောင်းဓါတ်တော်ဌာပနာသွင်းလျှက် တည်ထားခဲ့ရာ သေးနုပ်လျှက်ရှိနေသဖြင့် ၂၀ဝ၁ခုနှစ် ဘက်စုံမွမ်းမံပြင်ဆင်ချိန်တွင် ပုသိမ်ကျောင်း ဆရာတော် ဘဒ္ဒန္တဇောတိက မှ ဦးစီး၍ ဉာဏ်တော်အမြင့် ၉ တောင်အထိမြှင့်၍ ပြန်လည်ပြုပြင် မွမ်းမံခဲ့သည်။ အဆိုပါ စေတီအား ယခင်က ရွှေဆေးသင်္ကန်းသာကပ်လှူထားပြီး ၂၀၂၃ခုနှစ်တွင် ရန်ကုန်မြို့နေ ဒေါ်မာလာရွှေ မိသားစုတို့က ရွှေမျက်ပါး သင်္ကန်းများဖြင့် ပြောင်းလဲကပ်လှူပူဇော်ခဲ့သည်။ ကုန်ကျခဲ့မှု တန်ဘိုးမှာ ငွေကျပ် သိန်း(၇၀)ခန့်ဖြစ်သည်။