ထီးတော်ပုံဌာပနာစေတီတော်

အသေးစိတ် အချက်အလက်များ

၂၀ဝ၁ခုနှစ်၊ စေတီတော်ကိုယ်လုံးတော်ကြီး ပြုပြင်စဉ် ထွက်ရှိလာသော အုတ်၊ သဲများ၊ ထီးတော်၊ ငှက်မြတ်နားတော်အစိတ်အပိုင်းများ၊ အခြားသောရုပ်ပွားတော်များအား စုစည်း၍ အောင်မြေဘုံစံ ဆရာတော်ကြီး၏ သြဝါဒကထာအရ တနင်္ဂနွေထောင့်တည့်တည့်တွင် ထီးတော်ပုံဌာပနာစေတီတော် အား ဉာဏ်တော်အမြင့် ၉တောင်အား တည်ထားစေခဲ့ပြီး (၁-၁-၂၀ဝ၂)တွင် ဌာပနာသွင်းပူဇော်ခဲ့သည်။ ဌာပနာစေတီ တည်ထားမှုအတွက် ငွေကျပ်(၅)သိန်းကုန်ကျခဲ့ပြီး ဒေါက်တာမိုးတင်+ဇနီး ဒေါက်တာအိအိတင်မိသားစုတို့က လှူဒါန်းပေးထားသည်။ အဆိုပါစေတီအား ၂၀၂၀ပြည့်နှစ်တွင် ရွှေဆေးသင်္ကန်း ကပ်လှူထားရာမှ ရွှေမျက်ပါး သင်္ကန်းကပ်လှူခြင်းအဆင့်သို့ တိုးမြှင့်ဆောင်ရွက်ခဲ့သည်။ အလှူရှင်မှာ ရန်ကုန်မြို့နေ ဦးထွန်းအောင်သူ+ ဒေါ်ဝါဝါခိုင်မိသားစုတို့က ငွေကျပ်သိန်း(၇၀)ခန့် အကုန်အကျခံကာ လှူဒါန်းပြုပြင်ခဲ့သည်။