ဝါတွင်းကာလဝါဆိုလပြည့်နေ့မှ သီတင်းကျွတ်လပြည့်နေ့ထိ လပြည့်၊ လကွယ်၊ လဆန်း(၈)ရက်၊ လပြည့်ကျော်(၈)ရက် နေ့တိုင်တွင်း အလှည့်ကျ သြဝါဒါစရိယဆရာတော်ကြီး တစ်ပါးကြွရောက်ပြီး ဂေါပကအဖွဲ့နှင့် ဥပုသ်ယောဂီများအား ရှစ်ပါးသီလချီးမြှင့်သည်။ ဥပုသ်ယောဂီများအား အလှူရှင်မိသားစုက မိုးမခဓမ္မာရုံတွင် အာဟာရဒါနကျွေးမွေးလှူဒါန်းကြသည်။