ဒေဝဗိမာန်

အသေးစိတ် အချက်အလက်များ

အိမ်တော်ရာစေတီတော်တွင် ရိုးရာအစဉ်အလာအရ စောင့်ရှောက်ခဲ့သည့် ရိုးရာရှင်များအား ပူဇော်ပသနိုင်ရေးအတွက် ၂၀ဝ၁ခုနှစ်၊ ဘက်စုံမွမ်းမံပြင်ဆင်ချိန်တွင် အလှူရှင် ဒေါက်တာမိုးတင်+ ဒေါက်တာအိအိတင်မိသားစုတို့က အလျား ၂၀ပေ၊ အနံ ၁၅ပေ၊ အမြင့် ၁၁ပေရှိ ဒေဝဗိမာန်တော်ကြီး တစ်ခုအား အသစ်ဆောက်လုပ်ခဲ့ပါသည်။ ၎င်းဗိမာန်ဆောင်တွင် အိမ်တော်ရာဘိုးဘိုးကြီး၊ ဘိုးတော် သိကြားမင်း၊ ရုက္ခစိုးဘိုးဘိုးကြီးပုံတော်ရုပ်ထု(၃)ခုအား အလှူရှင်(၃)ဦးမှ မတည်လှူဒါန်း ပေးထားခဲ့ပါသည်။ ကုန်ကျမှုတန်ဘိုးစုစုပေါင်း(၃၂)သိန်း ဖြစ်သည်။