
အသေးစိတ် အချက်အလက်များ

ဒေဝဗိမာန်နှင့်တွဲလျက် ဘုရားဖူးများ၊ ရိုးရာရှင်များ ပူဇော်ပသနိုင်ရေးအတွက် အလျား-၂၇ပေ၊ အနံ-၁၀ပေ၊ အမြင့်-၉ပေရှိ နတ်နန်းဆောင်ရှိသည်။ ၎င်းနတ်နန်းဆောင်တွင် မြင်းဖြူရှင်၊ ကိုမြို့ရှင်၊ ရေငံပိုင်ဦးရှင်ကြီး၊ ပဲခူးမယ်တော်၊ ပုပ္ပါးမယ်တော်ရုပ်တုများဖြင့် ပူဇော်ထားရှိသည်။ ၎င်းအပြင် အသစ်တိုးချဲ့ထားမှု ကျောင်းဆောင်အနေဖြင့် ပထမံဘိုးဘိုးအောင်၊ ယက္ကန်းစင်တောင်ဆရာတော်၊ အောင်မင်းခေါင်ရုပ်တုတော်များဖြင့် ပူဇော်ထားရှိပါသည်။ အဆိုပါအပိုင်းအား ဦးတင်ဆန်း+ ဒေါ်ခင်အေးဝမ် မိသားစု၊ ဦးရဲဝင်းနိုင်+ဒေါ်ရွှေဖြူဖြူဖွေး မိသားစု၊ ဦးကျော်ဇေယျာလင်း+ ဒေါ်သန္တာလင်း မိသားစုတို့က စုပေါင်းပြီး ငွေကျပ် ၄၆၂၄၀ဝ၀ိ/- အကုန်အကျခံကာ (၁-၉-၂၀၂၄)ရက်နေ့တွင် ပြီးစီးအောင်ဆောင်ရွက်ခဲ့သည်။