ပြာသိုလ

အသေးစိတ် အချက်အလက်များ

ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပခြင်း
ဗုဒ္ဓပူဇနိယပွဲတော်အား နှစ်စဉ်ပြာသိုလပြည့်နေ့တိုင်းတွင် ကျင်းပလျှက်ရှိသည်။ လက်ရှိစေတီတော်ဂေါပကအဖွဲ့အနေဖြင့် (၁၅၃)ကြိမ် မြောက်ဗုဒ္ဓပူဇနိယ ပွဲတော်မှစ၍ ယခုနောက်ဆုံးကျင်းပခဲ့သည့် (၁၇၆)ကြိမ်မြောက်ဗုဒ္ဓပူဇနိယပွဲတော်အထိ ဦးစီး ကျင်းပခဲ့ကြသည်။ ပွဲတော်ကျင်းပမှုများတွင် ပွဲတော်အကြိုအနေဖြင့် သြဝါဒါစရိယဥက္ကဋ္ဌ ဆရာတော်ကြီးကကြီးမှူးပြီး အိမ်တော်ရာတိုက်အတွင်းရှိ ဆရာတော်များက သာသနရံသီ သိမ်တော်ကြီးတွင် အသံမစဲမဟာပဋ္ဌာန်းကျမ်းတော်မြတ်အား ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။ အချို့သောနှစ်များတွင် ဓမ္မကထိကဆရာတော်ကြီးများက ဓမ္မသဘင်(၃)ညမှ (၄)ညအထိ ကျင်းပခဲ့ကြသည်။ ၎င်းအပြင် ပြာသိုလပြည့်နေ့ မနက်(၅)နာရီတွင် အိမ်တော်ရာတိုက်အတွင်းရှိ ဆရာတော် သံဃာတော်(၃၆)ပါးတို့က အာရုံခံတန်ဆောင်းလေးခုတွင် စေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်ပြီး သစ်သီးဆွမ်းများ ဆက်ကပ်လှူဒါန်းကြသည်။ တဆက်တည်း တွင် ဆရာတော်ကြီး(၃၆)ပါးနှင့် အိမ်တော်ရာတိုက်အတွင်းရှိ သံဃာတော်များအား အရုဏ်ဆွမ်း များ ဆက်ကပ်လှူဒါန်းသည်။ ပြာသိုလပြည့်နေ့ ညနေ(၄)နာရီတိတိအချန်တွင် သာသနရံသီ သိမ်တော်ကြီး၌ ရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနားအား ပထမပိုင်းအနေဖြင့် ကျင်းပခြင်း၊ ဒုတိယပိုင်းအနေဖြင့် ဘုရားအမှူးပြုသော ဆရာတော်သံဃာတော်(၄၉)ပါးတို့က အထူး ဖိတ်ကြားထားသော ဧည့်သည်တော်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ လူမှုရေးအဖွဲ့အစည်းများမှ အလှူရှင်များ၊ သာသနာ့နုဂ္ဂဟဘွဲ့ရအလှူရှင်ကြီးများ၊ ရပ်ဝေးရပ်နီးမှ အလှူရှင်များက ရင်ပြင်တော်လင်္ကျာရစ်တစ်ပါတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲများ ကျင်းပသည်။ နှစ်စဉ်လည်း အစဉ်အလာမပျက် ပိုမိုစည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်သည်။