တန်ခူးလ

အသေးစိတ် အချက်အလက်များ

နှစ်သစ်မင်္ဂလာအခါတော်နေ့

နှစ်သစ်ကူးအကြိုအန္တရာယ်ကင်းပရိတ်ရွတ်ခြင်း။ ရတနာ့ဗိမာန်တော်ကြီးတွင် နှစ်စဉ် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် သြဝါဒါစရိယဆရာတော်ကြီးများအား ပင့်ဖိတ်လျှက် ရတနာ့ဗိမာန်တော်ကြီးတွင် ဂေါပကအဖွဲ့နှင့် ဘုရာဖူးလာပြည်သူများက နှစ်သစ်ကူး အန္တရာယ်ကင်း ပရိတ်တရားတော်နာယူ ကြည်ညိုလျှက်ရှိသည်။
(၂) မဟာသင်္ကြန်ကာလ ဥပုသ်သီလခံယူဆောက်တည်ပွဲ။ မဟာသင်္ကြန်ကာလတွင် သင်္ကြန် အကြိုနေ့မှ မြန်မာနှစ်ဆန်းတစ်ရက်နေ့အထိ အလှည့်ကျသြဝါဒါစရိယဆရာတော်ကြီးတစ်ပါး ထံမှ ဂေါပကအဖွဲ့နှင့် ဥပုသ်ယောဂီများက ရှစ်ပါးသီလခံယူဆောက်တည်ခဲ့ကြပြီး အဟာရဒါန အလှူရှင်မိသားစုက ဥပုသ်ယောဂီများအား မိုးမခဓမ္မာရုံတွင် အာဟာရဒါနကျွေးမွေးလှူဒါန်း ကြသည်။