ကိုးနဝင်းစေတီတော်

အသေးစိတ် အချက်အလက်များ

ကိုနဝင်းစေတီတော်အား ရင်ပြင်တော်တနင်္ဂနွေထောင့်တွင် ကောဇာသက္ကရာဇ် ၁၂၉၂ခုနှစ်၊ တော်သလင်းလဆန်း-၉ရက်၊ တနင်္ဂနွေနေ့တွင် ရန်ကုန်မြို့နေဆန်ကုန်သည်ကြီး ဦးမြ+ဒေါ်နှစ်နှင့် ဂေါပကအဖွဲ့ဝင်(၉)ဦးတို့က တည်ထားကိုးကွယ်ခဲ့ကြသည်။ ထိုနောက်အောက်ပါ အလှူရှင်မိသားစု (၄)ဦးတို့က အဆင့်ဆင့် လှူဒါန်းခဲ့ကြသည်-
(က) ၂၀-၁-၁၉၇၉ခုနှစ်တွင် အမှတ်-၂၀၉၊ အနော်ရထားလမ်း၊ ၃၂-လမ်းထိပ်၊ ရန်ကုန်မြို့နေ အိုကေဦးအုန်းခိုင်+ဒေါ်တင်မြိုင် သားသမီးတို့က ကိုနဝင်းစေတီ ဘုရားထီးတော်ကို တင်လှူခဲ့ ပါသည်။
( ခ) မြန်မာသက္ကရာဇ် ၁၃၅၄ခုနှစ်၊ တန်ဆောင်မုန်းလပြည့် (၁၉-၁၁-၁၉၈၃) နေ့တွင် ဗိုလ်မှူးထွန်းမြင့်+ဒေါ်ခင်မြဝေမိသားစုတို့က ထီးတော်နှင့်စေတီတော်ကို ပြန်လည် ပြုပြင်မွမ်းမံ လှူဒါန်းခဲ့ပါသည်။
( ဂ) ၁၃၅၂ခုနှစ်၊ ပြာသိုလဆန်း(၈) ရက် (၂၃-၁၂-၁၉၉၀) ရက်နေ့တွင် မြန်မာ့ရေနံနှင့်ဓါတုဗေဒ လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးလှိုင်မြင့်စန်း ဇနီးဒေါ်နွယ်နွယ်ဝင်း၊ သမီးအေးချိုချိုစန်း၊ သား မောင်ရဲမြင့်စန်း သမီးမနွယ်နီစန်းတို့က ထီးတော်ကို ထပ်မံမွမ်းမံ ခဲ့ပါသည်။
(ဃ) ၁၃၅၇ခုနှစ်၊ ကဆုန်လပြည့် (၁၃-၅-၁၉၉၅) ရက်နေ့တွင် နှစ်ဖက်သောမိဘများကို အမှူးထား၍ ကိုုကျော်စိုးလင်း+မသန္တာအောင်၊ သား-သတိုးအောင် မိသားစုတို့က ထီးတော်ကိုပြန်လည်မွမ်းမံ ပြုပြင်လှူဒါန်းခဲ့ပါသည်။
ထို့နောက် (၄-၁-၁၉၉၈)ရက်နေ့တွင် ဂေါပကအဖွဲ့၏ခွင့်ပြုချက်အရ ရန်ကုန်မြို့နေ ဦးကျော်စွာသိန်း+ဒေါ်ခင်မေထွေး မိသားစုတို့က စေတီတော်တစ်ခုလုံးအား ပြန်လည်မွမ်းမံခဲ့ပြီး ဘုံကိုးဆင့် ပါသော ထီးတော်ဖြင့် တင်လှူပူဇော်ခဲ့သည်။ ထီးတော်တင်လှူခြင်းနှင့် ဘုရားအနေကဇာ တင်ခြင်းအား (၂၆-၁-၁၉၉၈)ရက်၊ တနင်္လာနေ့တွင် ကျင်းပခဲ့ကြပြီး အခမ်းအနားတွင် ဗဟန်းမြို့နယ်၊ မဟာဝိသုဒ္ဓါရုံကျောင်း ပဓာနနာယကဆရာတော် တိပိဋကဓရ၊ တိပဋကကောဝိဒဘဒ္ဒန္တသိရိန္ဒာဘိဝံသ (ယောဆရာတော်)ကိုယ်တိုင် ကြီးမှူးဆောင်ရွက်ခဲ့သည်။ ကိုးနဝင်းစေတီအား (၁၈-၃-၂၀၂၁)ရက်နေ့တွင် ရွှေဆေးသင်္ကန်းအစား ရွှေမျက်ပါးသင်္ကန်းအဆင့်သို့ တိုးမြှင့်ဆောင်ရွက်ခဲ့သည်။ ကုန်ကျပ်မှုတန်ဖိုး ငွေကျပ်သိန်း(၇၀) ခန့်ဖြစ်ပြီး ရွှေသံလွင်ကုမ္ပဏီလီမိတက်မှ ကျခံလှူဒါန်းခဲ့သည်။