မုစလိန္ဒာကန်နှင့်အတူ နဂါးရုံဘုရား

အသေးစိတ် အချက်အလက်များ

စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ ဒဂုံပရိယတ္တိစာသင်တိုက်ကြီး၏ ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဂုဏာနန္ဒဆရာတော်ကြီးမှ ဘုရားရင်ပငြ်တော်အတွင် မုစလိန္ဒာရကေန်နှင့်တကွ နဂါးရုံဘုရား တဆူအား တည်ထားကိုးကွယ်ထားရှိရန် ၂၀ဝ၅ခုနှစ်၊ မလေတွင် အကြံပြုသဝြါဒကထာ ပြုခဲ့သည်။ ဆရာတော်ကြီး၏ သဝြါဒကထာအရ ဂေါပကအဖွဲ့ သည် (၃-၅-၂၀ဝ၅)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပုံမှန်အစည်းအဝေး ဆုံးဖတြ်ချက်အရ အောက်ပါ တည်ဆောက်ရေးကော်မတီအဖွဲ့ အား ဖွဲ့စည်းဆောင်ရွက်စခေဲ့သည်-
(က) မုစလိန္ဒာကန်နှင့် နဂါးရုံဘုရားတည်ဆောက်ရေးအဖွဲ့နာယကအဖွဲ့
(၁) ဆရာတော်ဘဒ္ဒန္တဂုဏာနန္ဒအဂ္ဂမဟာပဏ္ဍိတ ဩဝါဒါစရိယ
(၂) ဒေါက်တာမိုးတင် ဂေါပကအဖွဲ့ဥက္ကဋ္ဌ
(အဂ္ဂမဟာသိရီသုဓမ္မမဏိဇောတဓရ)
(၃) ဦးခင်မောင်သန်း (ပညာရှင်) ဆောက်လုပ်ရေးဝန်ကြီးဌာန
( ခ) အလုပ်အမှုဆောင်အဖွဲ့
(၁) ဦးကျော်မောင် ၊ ဒုတိယဥက္ကဋ္ဌ၊(ဂေါပကအဖွဲ့) ဥက္ကဋ္ဌ
(၂) ဦးထွန်းမြင့်၊ ဘဏ္ဍာရေးမှူး(ဂေါပကအဖွဲ့) ဘဏ္ဍာရေးမှူး
(၃) ဦးတင်ထွဋ်၊ စာရင်းစစ်အဖွဲ့(ဂေါပကအဖွဲ့) စာရင်းစစ်
(၄) ဗိုလ်ကြီးဝင်းစိန်(ငြိမ်း)၊ တွဲဘက်အတွင်းရေးမှူး တွဲဘက်အတွင်းရေးမှူး
(ဂေါပကအဖွဲ့)
(၅) ဗိုလ်မှူးမျိုးမင်း(ငြိမ်း)၊ အတွင်းရေးမှူး အတွင်းရေးမှူး
(ဂေါပကအဖွဲ့)
ထို့နောက် (၃-၉-၂၀ဝ၅)ရက်နေ့တွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဒုတိယဥက္ကဋ္ဌ ဗဟန်းမြို့နယ် အောင်မြေဘုံစံကျောင်းဆရာတော် ဘဒ္ဒန္တပညိန္ဒာဘိဝံသ ဆရာတော်ကြီးအမှူးပြုသော သြဝါဒါစရိယ ဆရာတော်ကြီး (၉)ပါးထံမှ သြဝါဒခံယူပြီး (၂၅-၉-၂၀ဝ၅)ရက်နေ့တွင် ပန္နက်တင် မင်္ဂလာပြုလုပ်ကာ (၂၉-၉-၂၀ဝ၅)ရက်နေ့တွင် အုတ်မြစ်တော်စီမင်္ဂလာ အခမ်းအနား ကျင်းပ ပြုလုပ်ခဲ့ သည်။ မုစလိန္ဒာကန်၏အကျယ်မှာ အချင်း ၂၇ပေရှိပြီး နဂါးရုပ် အောက်ခံအခွေမှ အမောက်အထိ ၁၇ပေ ရှိသည်။ အထက်နဂါးခွေမှ ပါးပျဉ်းအထိ အမြင့် ၁၀ပေ ရှိသည်။ နဂါးရုံဘုရား နောက်ခံကိုလည်း ကွန်ကရိအောက်ခံ ဆေးသားနံရံ ဗုဒ္ဓဝင်ပန်းချီကားဖြင့် မြန်မာမှုအနုပညာ အပြည့်အဝဖြင့် ထူးခြားစွာ ရေးဆွဲထားသည်။ အဆိုပါနဂါးရုံဘုရားအား (၂၅-၁၂-၂၀ဝ၅)ရက် နေ့တွင် ဌာပနာသွင်းမင်္ဂလာ ပြုလုပ် ကျင်းပခဲ့ပြီး (၁၄-၁-၂၀ဝ၆)ရက်နေ့တွင် ဘုရားအနေကဇာတင် ရေစက်ချ မင်္ဂလာအခမ်းအနား ကျင်းပခဲ့ ကြသည်။ နဂါးရုံဘုရား တည်ဆောက်ခဲ့မှု၏ အလှူခံရရှိငွေမှာ ငွေကျပ်(၁၇၃)သိန်း ဖြစ်ပြီး ကုန်ကျမှု တန်ဘိုးမှာ ထိုအချိန်က ငွေကျပ်(၁၂၇)သိန်းဖြစ်သည်။ ယခုအခါ အိမ်တော်ရာဘုရား၏ တောင်ဘက်မုခ်ဝ အနီးတွင် ဘုရားဖူးများဖူးမြော် ကြည်ညိုနိုင်လျှက်ရှိကြသည်။