အိမ်တော်ရာစေတီ၏ မူလဘုရားဒကာ


အိမ်တော်ရာစေတီတော်၏ မူလဘုရားဒကာမှာ ကုန်းဘောင်းမင်းဆက်၏ ကိုးဆက်မြောက်မင်း ဖြစ်ခဲ့သူ ပုဂံမင်းကြီးပင်ဖြစ်ပါသည်။ ပုဂံမင်းသည် ခမည်းတော် သာယာဝတီမင်း တနည်းဆိုသော ရွှေဘိုမင်း၏ ထီးနန်းအရိုက်အရာကို ခရစ်နှစ် ၁၈၄၆ခုနှစ်မှ ၁၈၅၃ခုနှစ်အထိ စိုးစံတော်မူခဲ့သည်။ သာယာဝတီမင်းသည် အောင်မြေရန်နှင်မြို့တော်တွင် မြနန်းအောင်ချာ စံနန်းတော်ကို တည်ဆောက်၍ စံနေတော်မူပြီး သားတော်များအား စံနန်းတော်ကိုုတည်ဆောက်၍ စံနေတော်မူပြီး သားတော်များအား စံနန်းတော်ကိုတည်ဆောက်၍ အသီးသီးနေရာချထားပေးခဲ့သည်။ ထိုယာယီစံနန်းများ ချပေးခဲ့သည့် နေရာများအနက် မြနန်းအောင်ချာနန်းတော်၏ အနောက်မြောက်ထောင့်အရပ်တွင် ပုဂံမင်းသား၏ ယာယီစံနန်းအိမ်တော်ရှိလေသည်။
မြန်မာသက္ကရာဇ် ၁၂၁၈ခုနှစ်၊တပေါင်းလဆန်း ၁၃ရက်နေ့တွင် ခမည်းတော် သာယာဝတီမင်း သည် နတ်ရွာစံသောအခါ သားတော်ပုဂံမင်းသာသည် ခမည်းတော်၏ အရိုက်အရာ ဆက်ခံပြီး ထီးနန်းစိုးစံလေသည်။ ပုဂံမင်းသည်(၇)နှစ်တိုင်တိုင် ထီးနန်းကိုစိုးစံတော်မူခဲ့သည်။ ပုဂံမင်းသည် သဒ္ဓါတရားနှင့် ပြည့်စုံသော မင်းတစ်ပါးဖြစ်သည်။ ပုဂံမင်းလက်ထက်တွင် နိုင်ငံတော်အတွင်း၌ သားကြီးငါးကြီးများ စသည်တို့ မပေါ်ရအောင် တားမြစ်ခဲ့သည်။ ပုဂံမင်းသည် ရဟန်း ရှင် လူတို့အားလည်း ပေးကမ်းစွန့်ကြဲခဲ့လေသည်။ ၁၂၁၄ခုနှစ်၊ တော်သလင်းလဆန်း(၁၀)ရက်နေ့တွင် နေပြည်တော်အတွင်း လူဦးရေ(၁၂၉၇၀)ဦးတို့အား အဝတ်အထည် စုစုပေါင်း(၁၆၂၅၄၈)ထည်ကို စွန့်ကြဲခဲ့သည်။ တော်သလင်းလဆန်း(၁၄)ရက်နေ့တွင် ရဟန်းသံဃာ အပါးသုံးရာ(၃၀ဝ) မြို့လုံးကျွတ်လူထုကြီးတို့အား ဆွမ်းကျွေးဆက်ကပ်လှူဒါန်းပြီး တရားတော်များ နာယူခဲ့သည်။ ပုဂံမင်းသည် သာသနာတော် ကြည်ညိုသူပီပီ မိမိမင်းသားဘဝက ယာယီ စံနေခဲ့သော အိမ်တော်ဆောက်လုပ်ခဲ့သည့် မန္တလေးမြို့နှင့် ရန်ကုန်မြို့ရှိနေရာများ၌ နောင်လာနောင်သား များ အိမ်ရာဆောက်လုပ်နေထိုင်မည်ကို စိုးရိမ်သဖြင့် (ရန်ကုန်နှင့်မန္တလေး)တွင် ဘုရားစေတီတစ်ဆူစီ တည်ထားခဲ့လေသည်။ ထိုဘုရားစေတီကို အိမ်တော်ရာဘုရားစေတီဟု ခေါ်တွင်စေလေသည်။