ရှင်ဥပဂုတ္တကျောင်းဆောင်

အသေးစိတ် အချက်အလက်များ

စေတီတော်ကြီးအနောက်တောင်ထောင့်အရပ်တွင် တည်ရှိပြီး သာသနာလင်္ကာရဆရာတော်ကြီး ဘဒ္ဒန္တဝါယမနှင့် နှစ်ဖက်သောမိဘများအား အမှူးထား၍ ရန်ကုန်မြို့နေ ကပ္ပတိန်တင်အေး ဇနီးဒေါ်ရင်ရင်အုန်း မိသားစုတို့က (၂၄-၁-၁၉၉၈)ခုနှစ်တွင် တည်ထားပူဇော်ထားရှိသည်။ ကျောင်းဆောင်ကြီး၏ အရွယ်အစားမှာ အလျား-၃၂ပေ၊ အနံ-၁၉ပေ၊ အမြင့်-၁၁ပေရှိပြီး အတွင်း အုတ်ရေကန်၏အရွယ်အစားမှာ အလျား-၁၀ပေ၊ အနံ-၁၀ပေ၊ အမြင့်-၃ပေရှိသည်။ ရေမျှောကျောင်းဆောင် အရွယ်အစားမှာ ၅ပေပတ်လည်ဖြစ်ပြီး ရှင်ဥပဂုတ္တ ရုပ်ပွားတော်သည် ကြေးသွန်း ရုပ်ပွားတော် ဖြစ်ပြီး အမြင့်မှာ ၂ပေရှိသည်။ အဆိုပါကျောင်းဆောင်အား ၂၀၁၆ခုနှစ်တွင် ဒေါက်တာမိုးတင်+ဒေါက်တာအိအိတင် မိသားစု၏ လှူဒါန်းမှုဖြင့် မြန်မာမှုသွပ်ပန်းများအား Steel ရွှေပြားများဖြင့် ပြောင်းလဲတပ်ဆင် ဆောင်ရွက်ခဲ့ပါသည်။