မဟာဓမ္မရံသီအိမ်တော်ရာစေတီတော်

    မြန်မာသက္ကရာဇ် ၁၂၁၈ခုနှစ်၊တပေါင်းလဆန်း ၁၃ရက်နေ့တွင် ခမည်းတော် သာယာဝတီမင်း သည် နတ်ရွာစံသောအခါ သားတော်ပုဂံမင်းသားသည် ခမည်းတော်၏ အရိုက်အရာ ဆက်ခံပြီး ထီးနန်းစိုးစံလေသည်။ ပုဂံမင်းသည်(၇)နှစ်တိုင်တိုင် ထီးနန်းကိုစိုးစံတော်မူခဲ့သည်။ ပုဂံမင်းသည် သဒ္ဓါတရားနှင့် ပြည့်စုံသော မင်းတစ်ပါးဖြစ်သည်။ ပုဂံမင်းလက်ထက်တွင် နိုင်ငံတော်အတွင်း၌ သားကြီးငါးကြီးများ စသည်တို့ မပေါ်ရအောင် တားမြစ်ခဲ့သည်။ ပုဂံမင်းသည် ရဟန်း ရှင် လူတို့အားလည်း ပေးကမ်းစွန့်ကြဲခဲ့လေသည်။ ၁၂၁၄ခုနှစ်၊ တော်သလင်းလဆန်း(၁၀)ရက်နေ့တွင် နေပြည်တော်အတွင်း လူဦးရေ(၁၂၉၇၀)ဦးတို့အား အဝတ်အထည် စုစုပေါင်း(၁၆၂၅၄၈)ထည်ကို စွန့်ကြဲခဲ့သည်။ တော်သလင်းလဆန်း(၁၄)ရက်နေ့တွင် ရဟန်းသံဃာ အပါးသုံးရာ(၃၀ဝ) မြို့လုံးကျွတ်လူထုကြီးတို့အား ဆွမ်းကျွေးဆက်ကပ်လှူဒါန်းပြီး တရားတော်များ နာယူခဲ့သည်။ ပုဂံမင်းသည် သာသနာတော် ကြည်ညိုသူပီပီ မိမိမင်းသားဘဝက ယာယီ စံနေခဲ့သော အိမ်တော်ဆောက်လုပ်ခဲ့သည့် မန္တလေးမြို့နှင့် ရန်ကုန်မြို့ရှိနေရာများ၌ နောင်လာနောင်သား များ  အိမ်ရာဆောက်လုပ်နေထိုင်မည်ကို စိုးရိမ်သဖြင့် (ရန်ကုန်နှင့်မန္တလေး)တွင် ဘုရားစေတီတစ်ဆူစီ တည်ထားခဲ့လေသည်။ ထိုဘုရားစေတီကို အိမ်တော်ရာဘုရားစေတီဟု ခေါ်တွင်စေလေသည်။

စေတီတော်ကြီး၏ သမိုင်းမှတ်တမ်းများ

ဘက်စုံမွမ်းမံခြင်းမပြုမီစေတီတော်ကြီး အခြေအနေ

ဘက်စုံမွမ်းမံပြီးစီးချိန်စေတီတော်ကြီး အခြေအနေ